ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ် ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီကကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်၊ ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားကာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲကို စတင်ခဲ့သည်။
ထို့နောက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ယမန်နေ့က မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများပါ တာဝန်ရှိသူ များက ဆုများအသီသီး ပေးအပ်ချီး မြှင့်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သော ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီကို စာအုပ်များအမှတ်တရ လက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း (ဆင်ပေါင်ဝဲ)