သတင်းများ

ပန်လုံမြို့၌ အသက်(၁၈)နှစ်အထက်၊ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေးလျက်ရှိ
Dec 31,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero)ကို (ပထမအကြိမ်)အဖြစ် အမှတ် (၁)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 31,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ မြို့နယ်အားကစားကွင်းတွင် စတင်ကျင်းပကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံသီးနှံများ ခုတ်သိမ်းလျက်ရှိပြီး သီးနှံအထွက်ကောင်း သည့် အပြင် ဈေးကောင်း ရရှိကြသဖြင့် တောင်သူများအဆင်ပြေ
Dec 31,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အညာတောင်သူများ၏ အဓိက အားထား စိုက်ပျိုးကြသည့် သီးနှံများအနက်၊ တစ်ခုဖြစ်သော ပဲစင်းငုံသီးနှံများ၊ ဒီဇင်ဘာလ လယ်ခန့်မှ စတင် ခုတ်သိမ်း လျက်ရှိနေကြပြီး၊ ယခုနှစ်တွင် သီးနှံအထွက်ကောင်းသည့် အပြင် ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေကြကြောင်း ပဲစင်းငုံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ကျောက်ဆည်မြို့တွင် ကျေးရွာ(၄)ရွာအကျိုးပြုမည့် ကျေးလက်လမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ အကျိုးပြုမည့် ကျေးလက်လမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ
Dec 31,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးမီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှုကို အဆိုပါဈေးတွင် ကျင်းပသည်
မိုးစပါးပေါ်ဆန်းဘေးကြားကြီး (၂၀) ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Dec 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ တောင်သူ ဦးမျိုးမင်းဇော်၏ ကွင်းအမှတ် ၃၈၄ D၊ ဦးပိုင်အမှတ် ၁၇/၅ လယ်မြေတွင် မိုးစပါး ပေါ်ဆန်းဘေးကြားကြီး (၂၀)ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံရှိ ကာကွယ်ဆေးလာရောက် ထိုးနှံသည့် မိဘပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဟိုပန်၌ အသက် (၁၂)နှစ် အထက် ကျောင်းသား/သူများအား စတုတ္ထအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေး
Dec 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင်  အသက်(၁၂) နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား စတုတ္ထအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့က အထကကျောင်း(ဟိုပန်) စုရပ်​နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့သည်။