သီပေါမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

သီပေါ  ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူလူငယ်များ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါ ဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ် ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍   အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွန်ဟောက်(တောင်နှင့်မြောက်) ကျေးရွာများရှိ အခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ် သန်းရွှေမာက တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်ရေးကို    ရှေးရှုလျက်      ကျောင်းသား လူငယ် မောင်မယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးသည် ကျန်းမာရေး နှင့်စပ်လျဉ်းသည့်ကိုယ်လက်လှုပ်ရှား အားကစားကို        နေ့စဉ်ပုံမှန် ပြန်လည် သက်ဝင်လှုပ်ရှား စေနိုင်ရန် ၊ ထူးချွန်ထက်မြက်သော အားကစား လူတော်များ မွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင်တွင်လုပ်ငန်း စွမ်းပကား တိုးတက်စေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့သက်တမ်းစေ့ နေထိုင်သွားလာ နိုင်စေရန် စသည့် အားကစားနှင့် သက်ဆိုင်သော အကြောင်းအရာများအား   အသိပညာပေး ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ လူငယ်များက     လက်ခံရယူခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)