သတင်းများ

ကြံခင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အခြေခံပညာအဆင့် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အခြေခံပညာအဆင့် စာစီ စာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင် ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယနေ့နံနက်၉ နာရီက ၊(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အ.ထ.က(ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်း၏ (၂၄)ကြိမ်မြောက်မြတ်ဆရာ ပူဇော်ပွဲ ကို အစဉ်အလာမပျက်ကျင်းပပြုလုပ်သွားမည်
Jan 02,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်း ကျောင်းတွင် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပပြုလုပ် လာလျက်ရှိပြီး ယခုနှစ် (၂၄) ကြိမ်မြောက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေ များအရ အခမ်းအနားပုံစံဖြင့် ကျင်းပပြု လုပ် သွားမည်မဟုတ်ဘဲ အစဉ်အလာ မပျက် စေရေးအတွက် ငွေလွှဲစနစ် (Wave Money)ဖြင့် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများကို လှူဒါန်းပူဇော် ပေးသွားမည် ဖြစ်ကြောင်း အ.ထ.က(ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှသိရသည်။
ကျေးသီးမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး   ပြိုင်ပွဲကျင်းပ
Jan 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက်( ၉ ) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲ ပြုလုပ်
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး  ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အထက ၁ ကျောင်းတွင်  ပြုလုပ်ခဲ့သည်။
ဘားအံမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၁ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားတွင် ဌာနဆိုင်ရာပြခန်းများ ခင်းကျင်းပြသ
Jan 02,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်သက္ကရာဇ်၂၇၆၁ခုနှစ်၊ ၂၀၂၂ပြည့်နှစ် ဇန်နဝါရီလ၂ ရက်၊ မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်၊ ပြာသိုလဆန်း၁ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာပြခန်းများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကျင်းပ
Jan 02,2022
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ အော်ယောရပ်ကွက်၌ အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။
မာန်အောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းဆောင်ရွက်
Jan 02,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း ကို ယမန်နေ့ ညနေ ၅နာရီက မာန်အောင်မြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်စွာထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။