တနင်္သာရီမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ (ပထမ)နှစ်ဝက် စာမေးပွဲ ဖြေဆိုစစ်ဆေး

တနင်္သာရီ ဇန်နဝါရီ  ၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ်မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1 (သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း)အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ရက်မှ ၇ရက်)နေ့အထိ တစ်နေ့လျှင် (၂)ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန် (၄၅) မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းများ အလိုက် ဖြေဆိုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာ အထက်တန်း(၁၃)ကျောင်း၊ အလယ်တန်း(၁၇)ကျောင်း၊ မူလွန်(၁၃)ကျောင်းနှင့် မူလတန်း(၆၁)ကျောင်းနှင့် ဘ/ကဘုန်းတော်ကြီးသင်ကျောင်း (၁)ကျောင်း စုစုပေါင်းကျောင်း(၁၀၅)ကျောင်း ဖွင့်လှစ်လျက်ရှိပြီး အထက်တန်းအဆင့်တွင် ကျောင်းသူ/သား (၄၃၄)ဦး၊ အလယ်တန်းအဆင့်၌(၂၀၄၇)ဦးနှင့် မူလတန်းအဆင့်တွင်(၄၈၇၈)ဦး စုစုပေါင်း ကျောင်းသူ/သား (၇၃၅၉)ဦး တက်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)