ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ဖားကန့်မြို့နယ် တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီများ‌၊ ဌာဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ အသင်းခွဲးတို့နှင့်‌ တွေ့ဆုံကာ ထောက်ပံ့ငွေများနှင့် ပါးစပ်နှာခေါင်းစည်းများထောက်ပံ့

ဖားကန့်  ဇန်နဝါရီ  ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်ရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယမန်နေ့ မွန်းလွဲ(၂)နာရီ ၃၀ မိနစ်တွင် ဖားကန့်မြို့နယ် စုပေါင်းရုံး အစည်းအ‌ဝေးခန်းမ၌ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ မြို့နယ်ကြက်‌ခြေနီအသင်းခွဲတို့နှင့် တွေ့ဆုံကာ အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းရင်းသား‌ရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံလီဆူတိုင်းရင်းသား‌ရေးရာစာပေနှင့် ယဉ်ကျေးမှုဗဟို‌ကော်မတီဥက္ကဋ္ဌတို့က အခန်းအနား သို့တက်ရောက်လာကြသော ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရှမ်းရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ရခိုင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကရင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးကော်မတီ၊ ချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ တအောင်းပလောင်ဝ်ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ရှမ်းနီရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းတို့အား ထောက်ပံ့ငွေကျပ်(၂)သိန်းနှုန်းနှင့် ပါးစပ်နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ကာ ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)