ခမောက်ကြီး ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးတွင် (၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့အထိမ်းအမှတ်ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ဇန်နဝါရီလ (၄)ရက်နေ့က အ.ထ.က ခမောက်ကြီးကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
ဇန်နဝါရီလ (၄)ရက်နေ့၌ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူ ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ရပ်ကွက်အားကစားပြိုင်ပွဲများ၊ ရပ်ကွက်ကျေးရွာ ပေါင်းစုံဘောလုံးအားကစားပွဲများ အသီးသီးကျင်းပပြုလုပ်ခဲ့ကြရာ အဆိုပါ ပြိုင်ပွဲများ အသီးသီးမှ ဆုရရှိသူများအား လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုချီးမြှင့်ပေးခဲ့သည်။ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းကို လွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ ရပ်ကွက်အားကစားပြိုင်ပွဲများနှင့် ရပ်ကွက် ကျေးရွာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲများအတွက် ဆုချီးမြှင့်ခြင်းကို ယမန့်နေ့ ညနေပိုင်းတွင်လည်းကောင်း ဖျော်ဖြေရေးကဏ္ဍများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)