ကြာအင်းဆိပ်ကြီးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ   ၅

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်ကာ အားကစားဝါတနာရှင်လူငယ် လူရွယ် မောင်မယ်များမှ ပျော်ရွှင်အေးချမ်း သာယာစွာဖြင့် ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို မြို့နယ် အားကစားနှင့်ကာပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပလျက်ရှိပြီး အမှတ်(၁)ရပ်ကွက်ရှိ မြို့မ ဘောလုံးအားကစားကွင်း၌ ပြုလုပ်ကျင်းပလျက်ရှိပြီး ပြေးခုန်ပစ်အားကစားနည်းများ အမျိုးသမီး စကောရွက်ပြိုင်ပွဲ ချောတိုင်တက်ခြင်း ကလေးငယ်များ ခေါင်းအုံးရိုက်ပြိုင်ပွဲများ ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ပါဝင်လျက် လူငယ် လူရွယ် မောင်မယ်များမှ ပျော်ရွင်အေးချမ်းသာယာစွာဖြင့် တစ်ပျော် တစ်ပါး ယှဉ်ပြိုင်ကစားလျက်ရှိရာ အားကစားနည်းများအလိုက် အသင်းလိုက်ဆုများနှင့် တစ်ဦးချင်း စီဆုများ ရရှိသူများအား မြို့နယ်အားကစားနှင့်ကာယာပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ခိုင်ကျော့ကျော့ဝေနှင့်တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး