ဝါးခယ်မ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက ဝါးခယ်မမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ဝါသနာပါသူဝန်ထမ်းများ အဆင်ပြေစွာ စာအုပ်များငှားရမ်းဖတ်ရှုနိုင်ရန်နှင့် အသိပညာ တိုးပွားနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူးနှင့်ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများတွင် သုတ၊ ရသ စာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် အပတ်စဉ်ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက်အသင်းဝင်ကတ်ပြားများကို လည်းအခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ဦးမွန်(ဝါးခယ်မပြန်/ဆက်)