တပ်ကုန်း ဇန်နဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဘုရင့်နောင်ရပ်ကွက် အောက်စီဂျင်ကူညီရေးအဖွဲ့၊ မေတ္တာရှင် သွေးလှူအဖွဲ့နှင့် ဒို့တပ်ကုန်း သဘာဝဘေးကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တပ်ကုန်းမြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သွေးအလှူရှင် ကျား(၁၅)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၁၇)ဦးတို့ကို တပ်ကုန်းမြို့ခုတင်(၁၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်နှင့်ဆရာ/ဆရာမများက သွေးပေါင်ချိန်ခြင်း၊ ပေါင်ချိန်ခြင်းပြုလုပ်ခဲ့ပြီးကျန်းမာရေးနှင့် ကိုက်ညီမှုရှိမှ သွေးများကို စနစ်တကျဖောက်ယူခဲ့ကြသည်။ ထိုသွေးလှူဒါန်းရာနေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကျော်သူစိုး၊အဖွဲ့ဝင်များဖြစ်သည့် အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း နှင့် ဒေါက်တာခင်မောင်ထွန်းတို့ လာရောက်၍ သွေးလှူရှင်များအား ကြည့်ရှု၍ အာဟာရဖြည့်စွက် အစာအဖြစ် ကြက်ဉ၊ အချိုရည်၊ အားဆေးနှင့်ရေသန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်စိုးလွင်