ညောင်လေးပင်မြို့၌(၂၁၁၈၅၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး

ညောင်လေးပင် ဇန်နဝါရီ  ၁၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများနှင့် ကျောင်းသူကျောင်းသားများ လာရောက်ထိုးနှံနေကြသဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီက မဟာတိ‌လောကသယမ္ဘူဘုရားကြီးတွင်  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးလုပ်ငန်းများအား‌ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ သတ်မှတ်စုရပ် များတွင် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဆေးထိုးနှံရန်ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်နေ့အထိ လာရောက် ထိုးနှံသူ(၂၁၁၈၅၂)ဦးအား ဆေးထိုးနှံပြီးစီးခဲ့ကြကြောင်း မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေး​နေကြကြောင်း သိရသည်။

နီနီ၀င်း (ပြန်/ဆက်)