မုံရွာ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ(၁၇)ရက်၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့သို့ ရောက်ရှိရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိ ခန်းမတွင်ကျင်းပသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျှက်ရှိမှု အခြေအနေများအား ရှင်းလင်းပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကလေးခရိုင်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက် ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက် ပေးနေမှုနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး ကလေးခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက ကလေးခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၅ သိန်းနှင့် စားသောက်ဖွယ် ရာများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံသို့ လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ အတွက် ငွေကျပ် ၅ သိန်းအား မြို့နယ်ရဲမှူးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးဝန်ကြီး ဦးအေးလှိုင်က ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်း ဆောင်နေကြသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများနှင့် လူနာများအတွက် ငွေကျပ် ၅ သိန်းနှင့် စားသောက်ဖွယ်ရာများအား အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မင်းကင်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံတည်ငြိမ် အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက “ပန်းခင်း” စီးမံချက်အရ ဒေသခံပြည်သူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၅ သိန်းနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံသို့ လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် ငွေကျပ် (၅) သိန်းအား မြို့နယ်ရဲမှူးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးဝန်ကြီး ဦးအေးလိူင်က မင်းကင်းမြို့၊ ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများနှင့် လူနာများအတွက် ငွေကျပ် ၅ သိန်းနှင့် စားသောက်ဖွယ်ရာများ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မင်းကင်းမြို့၊ စစ်တောင်တောရ ရိပ်သာကျောင်းတိုက် ဆရာတော်ကြီးထံ ပဇ္ဇောတာရုံ ကျောင်းတိုက်၊ ကန်တော်ပရိယတ္တိစာသင်တိုက်၊ ချမ်းမြေ့စည်ကျောင်းတိုက်၊ မဟာမင်း ကျောင်းဘုန်းတော်ကြီး ကျောင်းတိုက်များအတွက် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန် တော်နှင့် ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မင်းကင်းပြည်သူ့ဆေးရုံတွင် ဒေသ ခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား လှည့်လည် ကြည့်ရှု အားပေးကာ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)