စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဖူဆယ်ဘော့လုံးကွင်းအသစ် ဖွင့်လှစ်

စစ်ကိုင်း   ဇန်နဝါရီ   ၂၃

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဖူဆယ်ဘော့လုံးကွင်းအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို စစ်ကိုင်းပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်နှင့် ဒုတိယပါမောက္ခချုပ်များက ဖူဆယ်ဘော့လုံးကွင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ ကြပြီး တာဝန်ခံပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာ ဖူဆယ်ဘော့လုံကွင်းအသစ် တည်ဆောက်ပြီးစီးသည့်အတွက် ကျောင်းတော်ကြီးအနေဖြင့် ဂုဏ်ယူပါကြောင်း၊ ဖူဆယ်ဘော့လုံး အစားကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင်အားကစားများကိုလည်း စိတ်ထက်သန်စွာဖြင့် ကစားသွားကြစေလိုကြောင်း၊ ကာယ/ဉာဏ အားများအသုံးပြု ကစားရတာ ဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြု ပေးသလို ကာယ/ ဉာဏများလည်း တိုးတက်ကောင်းမွန်လာမှာ ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း စည်းကမ်းတစ်ကျဖြင့် ရေရှည်တည်တံ့အောင် ကစားသွားကြစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေးတက္ကသိုလ်ရှိ တာဝန်ရှိသူ အားကစားမှူးက ဖူဆယ်ဘော့လုံး ကစားနည်းများနှင့်ပတ်သက်၍ နည်းစနစ်များ/ စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး ပညာရေး တက္ကသိုလ်၊ သမိုင်းဌာန(ပါမောက္ခဌာနမှူးက ဖူဆယ်လော့လုံးကန်သွင်း၍ ကွင်းအသစ်အား ဖွင့်လှစ်ပေးခဲ့ ကြောင်းသိရသည်။

ဇော်မြင့်နိုင်