ဆင်ပေါင်ဝံ ဇန်နဝါရီ ၂၃
မကွေတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အတွင်းရေးမှူးရဲမှူးမြင့်လွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးဇော်ဟိန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က အမှတ်(၈)ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းအတွင်းရှိအထက(ခွဲ)ကျောင်း ပြန်လည်ပြုပြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောင်းအဆောက်အဦ ဆေးသုတ်ထားရှိမှုအခြေအနေ၊ မျက်မှာကျက်များ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် မီးလိုင်းများတပ်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်းများသည် ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျောင်းသူ/ကျောင်းသားမျာ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)