လယ်ဝေးမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့အကြိုဟောပြောပွဲ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

လယ်ဝေး  ဇန်နဝါရီ  ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စိန်ရတုပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက လယ်ဝေးမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(သဲဖြူ)တွင် ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ ဂုဏ်)တို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်းများ၊ ပြည်ထောင်နေ့အကြောင်းသိကောင်းစရာများကို ကျောင်းသူကျောင်းသားများအား ဟောပြောသည်။ ထို့နောက် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ဆက်လက်ပြသကာ ကျောင်းသူကျောင်းသားလေးများက သိရှိလိုသည်များကို လေ့လာမှတ်ယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)