သတင်းများ

လဲချားမြို့နယ်  စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Jan 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဈေးများမီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စည်ပင်သာယာမြို့မဈေးတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 23,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆရေးဦးစီးဌာနမှ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ် ကလေးငယ်များအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သည်များကို သိရှိလေ့လာ မှတ်သားနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိသည်။
လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Boosters Dose)ထိုးနှံ
Jan 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ၏စီစဉ်မှုဖြင့် အသက်(၅၀)နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး(Boosters Dose)ထိုးနှံ ပေးခြင်းကို ဇန်နဝါရီလ ၂၃ ရက် နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကာကွယ်ဆေးထိုးနှံပေးသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  စာဖတ်ဝို်ငး ကျင်းပ 
Jan 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာပေချစ်မြတ်နိုးသူများ  ပိုမိုတိုးပွာလာစေရန်  အတွေးအခေါ်အသိအမြင်များ  အချင်းချင်းဖလှယ်တတ်စေရန်၊ စာပေမှရရှိသော  အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန်  ရည်ရွယ်၍ “ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ စာဖတ်ဝို်ငးကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 23,2022
နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် Wisdom Hill Private School ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Jan 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့  မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာတွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jan 23,2022
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင်  အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများကို  ယမန်နေ့က ကံကြီးကျေး ရွာ၊ ကုန်းကြီးကျေးရွာနှင့် ကျောင်းကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
ပုလောမြို့နယ်၌  နွေစပါး Rs to Cs မျိုးသန့်စပါး ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုး
Jan 23,2022
မြိတ်ခရိုင် စက်မှုလယ်ယာဦးစီးဌာန နှင့် ပုလောမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက် စက်ဖြင့် နွေစပါး Rs to Cs မျိုးသန့်စပါး သရုပ်ပြစိုက်ပျိုးခြင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၉နာရီက မကျည်းကုန်း ကျေးရွာရှိ တောင်သူ ဦးသာထူး၊ ဦးယုလွင်၊ ဦးမျိုးအေး တို့၏လယ်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။