နတ်မောက်မြို့တွင် သပြေပန်းပင်များ တပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ

နတ်မောက်   ဇန်နဝါရီ   ၂၃

မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့ စျေးရပ်ကွက်တွင် သပြေပန်းပင်များ တပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ ကြောင်းသိရသည်။ ထိုသို့စိုက်ပျိုးရာတွင် အာဆီယံသပြေ၊ ကံ့ကော် သပြေ၊ အောင်သပြေ၊ ပတ္တမြားသပြေ စသည့်သပြေပန်းမျိုးစုံ စိုက်ပျိုးထားရှိလျက်ရှိသည်။

သပြေပင်များစိုက်ပျိုးရာတွင် အပင်များသန်မာပြီး ကိုင်းဖြာမှုကောင်းစေရန်အတွက် သဘာဝမြေဩဇာဖြစ်သည့် နွားချေးများကို အခြေခံအဖြစ်အသုံးပြုကာ  မြေအနေအထားပေါ်မူတည်ပြီး မြေဘောင်ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင် သုံးပေကွာစိုက်ပျိုးရပါတယ်၊ သပြေပင်တွေ စိုက်ပျိုးထားတာကတော့ (၈)နှစ်ရှိပါပြီ၊ အပင်ကတော့ (၃၀၀) စိုက်ပျိုးထားတဲ့အတွက် တစ်လသပြေပန်း ရောင်းရငွေ (၈၀၀၀၀)ကျပ်ရပါတယ်ဟု စျေးရပ်ကွက်နေ သပြေပန်းစိုက်ပျိုး ရောင်းချသူ ဦးလှဦး ဆွေ ထံမှသိရသည်။

လှဝင်း