ပုလော ဒီဇင်ဘာလ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ရပ်ကွက်/ကျေးရွာ အသီးသီးသို့ ကွင်းဆင်း၍ ဆောင်ရွက် ပေးလျက် ရှိရာ Bref နံနက် (၉)နာရီ ပုလောမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာသို့ ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပုလော မြို့နယ် လဝက ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာ အကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပြီး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားပြုလုပ်ရန် ကျန်ရှိနေသူ အသက်(၁၀) နှစ်ပြည့် ကျောင်းသား/ကျောင်းသူ (၂၄) ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)