ပေါင်မြို့နယ်၌ သက်မွေးအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ
Feb 02,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဥ်တစ်ခုအဖြစ် အခမဲ့ ဖွင့်လှစ်ခဲ့သည့် ကျေးလက်နေ အမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်က ကျင်းပပြုလုပ်သည်။