သတင်းများ

ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ Club အသင်းများနှင့် စာဖတ်ဝိုင်းကျင်းပ
Jan 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာ ဒေါက်တာသိန်းလွင်၏ "အပြုသဘောစိတ်ကောင်းနှင့် ယှဉ်ပြီးနေတတ်သော အလေ့အကျင့်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခွန်လွတ်သာသနာ့မြေဂရန် ဆက်ကပ်လှူဒါန်း
Jan 24,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော အခွန်လွတ်သာသနာ့မြေဂရန် ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ခွယ်ကဘောင်ပညာ ဥယျာဉ်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။
တွံတေးမြို့နယ်တွင် ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း အ.ထ.က(ခွဲ)ခရမ်းဝ၌ ကျင်းပ
Jan 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ခရမ်းဝကျေးရွာအုပ်စု၊ ခရမ်းဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခရမ်းဝ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများဆောင်ရွက်
Jan 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း‌နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တံတားချောင်း‌ကျေးရွာရှိ အ‌ခြေခံပညာမူလတန်းကျောင်းနှင့် ညောင်ကုန်းရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ကြောင်းသိရသည်။
သမဝါယမကောလိပ်(မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စကားဝိုင်းကျင်းပ
Jan 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စကားဝိုင်းကျင်းပခြင်းကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပရာ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၁၇) မူးယစ်တပ်ဖွဲ့စု၊ ရဲမှူးဌေးလွင် ဦးစီးအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ အခြေခံပညာကျောင်း ၉၁ ကျောင်းရှိ KG တန်း ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေး
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၉၁ ကျောင်းတွင် ပညာသင်ယူလျက်ရှိသော KG ကျောင်းသား၊ ကျောင်းသူ ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 24,2025
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။