သတင်းများ

ကျိုင်းတုံတက္ကသိုလ်၌ (၂၇)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Jan 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (၂၇)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။
မိုင်းခတ်မြို့၌ (၇၈)နှစ်‌‌မြောက် ရှမ်းပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာစာကြည့်တိုက်အဆောက်အုံသစ် ဖွင့်ပွဲကျင်းပ
Jan 29,2025
(၇၈)နှစ်‌‌မြောက် ရှမ်းပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်(လားဟူ)ကျေးရွာ၌ နိုင်ငံတော်မတည်ငွေကျပ်သိန်း(၁၅၀) ဖြင့်တည်ဆောက်သည့် "လင်းရောင်ခြည်" စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ
Jan 29,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားသို့ တက်ရောက်
Jan 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။
ကော့ကရိတ်မြို့၌ မိသားစုအပိုဝင်ငွေရရှိစေ‌ရေးအတွက် တစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံ များစိုက်ပျိုး
Jan 29,2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သည့် စိုက်ပျိုး​ရေးလုပ်ငန်းလုပ်​ကိုင်ကြသည့်​တောင်သူများသည် မိသားစုစားဝတ်နေရေးအတွက် မိမိတို့၏နေအိမ်ခြံဝန်းမြေကွက်လပ်၌ စားဖိုဆောင်သုံးဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြသဖြင့် မိသားစုများ နေ့စဉ်ပုံမှန် အပိုဝင်‌ငွေရရှိလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့  မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကန့်ဘလူ၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 29,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပခဲ့သည်။
(၄၂)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ မွန်/မြန်မာ ဝိနယာနုဂ္ဂဟ စာတော်ပြန်ရေးဖြေပွဲကြီးကျင်းပ
Jan 29,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၂)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မွန်/မြန်မာ ဝိနယာနုဂ္ဂဟစာတော်ပြန်ရေးဖြေပွဲကြီးကို ယနေ့မွန်းတည့်(၁၂)နာရီက ဓမ္မရာဇိန်ကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်သည်။