ဖောင်းပြင် ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင် မြန်မာ့ရိုးရာသင်္ကြန်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန်းတောင်ရိပ်ခိုသီချင်းနှင့် အကတို့ဖြင့် အခမ်အနားကို ဖွင့်လှစ်သည်။ ထို့နောက် နယ်လှည့်အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးကျော်ဇောက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က အမှာစကားပြောကြားသည်။ ၎င်းနောက် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင်က လက်ရှိကျောင်းအခြေ အနေနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အထိမ်းအမှတ်နေ့များအလိုက် ကျင်းပသည့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများ၊ လူရည်ချွန်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများ၊ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား /သူများနှင့် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား တာဝန်ရှိသူတို့က ဆုများချီးမြှင့်ကြပြီး ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်ဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်း သား/သူများ၊ တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)