သတင်းများ

ကျောက်ဆည်မြို့နယ်အတွင်းရှိ KG ကျောင်းသား/ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းများ ဆောင်ရွက်
Jan 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများကို ယနေ့နေ့လယ်ပိုင်းက တံစိုး (အ.မ.က) နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးရွာအတွင်းလမ်းဖွင့်ပွဲကျင်းပ
Jan 27,2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၊ သီရိမင်္ဂလာ အမှတ်(၅)ရပ်ကွက်၊ ကျေးလက်ကုန်ထုတ်လမ်းနှင့်ကျေးရွာအတွင်းလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၇)နာရီက အဆိုပါကျေးရွာ ရွာလယ်လမ်းဆုံ၌ ကျင်းပရာ ပြည်နယ်ကျက်သရေဆောင် ကျောက်ကလပ် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိမလ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုနှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ဗောဓိမဏ္ဍိုင်မြကံသာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းဒေသနာ တော်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ ဆွမ်းဆန်စိမ်းလောင်းလှူ
Jan 27,2025
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမိတာရာမရဲကျောင်းတိုက်ရှိ ဗောဓိမဏ္ဍိုင်မြကံသာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။
ပေါင်းတည်၌ သဘာဝမြေသြဇာပိုက်ဆံလျှော်ပင်များ စိုက်ပျိုးနိုင်စေရေး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားလျက်ရှိ
Jan 27,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် တောင်သူများ၏ စိုက်ပျိုးမြေပြုပြင်ရေးအတွက် သဘာဝမြေသြဇာပင်များ စိုက်ပျိုးနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ မျိုးသန့်ခြံ၌ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားလျက်ရှိကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေ
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်သည်။
မိုးနဲမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေး
Jan 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် အချင်အတွယ်မှန်ကန်စေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ယနေ့နံနက် ၉ နာရီက သက်ဆိုင်ရာဌာနများက စုပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့ တောင်တောရမဟာစည်ကျောင်းတိုက်၌ ဓမ္မစကူးလ်(၇)နှစ်ပြည့် အခမ်းအနားနှင့် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ ကျင်းပ
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ တောင်တောရ မဟာစည်ကျောင်းတိုက်တွင် ဓမ္မစကူးလ်(၇)နှစ်ပြည့်အခမ်းအနားနှင့်  ဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၈) နာရီက တောင်တောရမဟာစည်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မင်းတုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဟန်ဇာကျော်နှင့် တပ်ဖွဲ့ဝင်(၅)ဦးက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။