ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ Club အသင်းများနှင့် စာဖတ်ဝိုင်းကျင်းပ

ခရမ်း ဇန်နဝါရီလ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာ ဒေါက်တာသိန်းလွင်၏ "အပြုသဘောစိတ်ကောင်းနှင့် ယှဉ်ပြီးနေတတ်သော အလေ့အကျင့်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး၊ Book Club အဖွဲ့ဝင် ဦးမင်းကိုက စာရေးဆရာ ဒေါက်တာသိန်းလွင်၏ "အပြုသဘောစိတ်ကောင်းနှင့် ယှဉ်ပြီးနေတတ်သော အလေ့အကျင့်" စာအုပ်တွင် စိတ်ကောင်းမွေးသူသည် မိမိစိတ်နှင့် မိမိကိုယ် ညီညွတ်ချမ်းသာရုံသာမက ပတ်ဝန်းကျင်လူများနှင့်လည်း ညီညွတ်ချမ်းသာ‌ကြောင်း အပြုသဘောဆောင်သူ၊ မိမိကိုယ်ကို ယုံကြည်မှုရှိသူ၊ အများနှင့်ပူးပေါင်းတောင်ရွက်တတ်သူ၊ ကြုံလာ‌သောပြဿနာကို အဖြေရှာတတ်ပြီး အကျိုးအမြတ်အများဆုံးရအောင် ထုတ်ယူတတ်သူမျိုးဖြစ်အောင် ဆောင်ရွက်နိုင်ကြောင်းနှင့် အောင်မြင်မှု သော့ချက်များအ‌ကြောင်း ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း၊ စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ Women Club အဖွဲ့ဝင် ဒေါ်မာလာမြင့်က အတိတ်ကကြုံခဲ့သော မအောင်မြင်မှုများ၊ ဝမ်းနည်းကြေကွဲစရာများကို ပြန်လည်စိတ်ကူးခြင်းမပြုရန်နှင့် နောက်ထပ်တစ်ဖန် ပြုလုပ်ဖို့လည်း လုံးဝစိတ်မကူးသင့်ကြောင်း၊ မိမိကိုယ်ကို ရည်မှန်းချက် ပန်းတိုင်ချမှတ်၍ အပြုသဘောစိတ်ကောင်းနှင့်ယှဉ်ပြီး နေ့စဉ်အလုပ်လုပ်သင့်ကြောင်းစသည့် သတိပြု လိုက်နာဖွယ်အချက်များကို ရေးသားထား‌သော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)