သာစည်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 24,2025
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက်နေ့က သပြေဝကျေးရွာရှိ အိမ်ခြေ ၄၅၇ အိမ်ကို တစ်အိမ်တက်ဆင်းစစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။