သတင်းများ

ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆီစက်များသို့ ကွင်းဆင်းစစ်ဆေး
Jan 24,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ချောက်​မြို့နယ်အတွင်းရှိ ဆီစက်များမှ ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ်​ဆောင်ရွက်သွားနိုင်​ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရှိ ဆီစက်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြိုနယ်ကံစုကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နေအိမ်များအား အားဖြည့်မွမ်းမံခြင်းဆောင်ရွက်
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှလေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့်နေအိမ်များအား အားဖြည့်မွမ်းမံဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပြင်ဦးလွင်‌ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 24,2025
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ‌ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေလေ့လာခြင်းများကို ခရီးသွားများပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှု တစ်ရပ်အဖြစ်ရည်ရွယ်၍  ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jan 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့နေ့လယ် ၁၂ နာရီခွဲက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယ‌နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်သို့ အထူးကုကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်
Jan 24,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် စဝ်စံထွန်းဆေးရုံကြီးတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးသို့ အထူးကုကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ပထမတောင်ကျောင်းကြီးကျောင်းတိုက်ရှိ ဇေယျသိဒ္ဓိဗိမာန်တော်ကျောင်း ဆောင်တွင် ပြုလုပ်သည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေး အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်ကိုက်ညီသော ကျောင်းများအား စိစစ်ရွေးချယ်
Jan 24,2025
ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေး အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်ကိုက်ညီသော ကျောင်းများအား စိစစ်ရွေးချယ်နိုင်ရေးအတွက် ဆု‌ရွေးချယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စိစစ်ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က စေတုတ္တရာမြို့ပေါ်ရှိ ရွာသစ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။