ပေါင်းတည် ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၉၁ ကျောင်းတွင် ပညာသင်ယူလျက်ရှိသော KG ကျောင်းသား၊ ကျောင်းသူ ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးနေမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်၊ ကျောင်းကျန်းမာရေးတာဝန်ခံဒေါက်တာကျော်သူရထွန်းတို့နှင့်အတူ ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခိုင်မာလွင်နှင့်အသင်းအဖွဲ့ဝင်များက အ-ထ-က(မြို့မ)ရှိ KG ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အ-ထ-က(မင်းကွက်)ရှိ KG ကျောင်းသား ကျောင်းသူ ၄၈ ဦးတို့အား အာဟာရကျွေးမွေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ယနေ့၌ အခြားအခြေခံပညာကျောင်း ၈၉ ကျောင်းရှိ KG ကျောင်းသား ကျောင်းသူများကိုလည်း ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ အသီးသီးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရွှေသား(ပြန်/ဆက်)