သာပေါင်းမြို့နယ်၊ ရှမ္မမြောင် ကျေးရွာအုပ်စုတွင် တောဆင်များ ဖျက်ဆီးမှုကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီး

သာပေါင်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ သာပေါင်းမြို့နယ်၊ ရှမ္မမြောင် ကျေးရွာအုပ်စု၊ ဂွေးကုန်း ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၃ နာရီ အချိန်က တောဆင်များ ဖျက်ဆီးမှုကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရသည်။

ရှမ္မမြောင်ကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာနေ ဦးအောင်စိုးမိုးနှင့် အတူနေ အသက် (၁၈) အထက် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး၊ အသက် (၁၈) အောက် အမျိုးသား (၂) ဦး ပေါင်း (၄) ဦးတို့ နေထိုင်ရာ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း (၁၀'×၁၂'×၁၅') နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းနေအိမ်တို့တွင် နေထိုင်သူများအား နီးစပ်ရာဆွေမျိုးများထံတွင် ပြောင်းရွေ့နေထိုင်နိုင်ရေး သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်း၍ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

သိန်းမြင့်မျိုးဦး