မော်လမြိုင်တက္ကသိုလ်မှ ဥပဒေပညာအထူးပြု ပထမနှစ်နှင့်ပဉ္စမနှစ် ကျောင်းသား၊ကျောင်းသူများ မွန်ပြည်နယ် တရားလွှတ်တော်တွင် တရားစီရင်နေမှုများနှင့် တရားခွင် လက်တွေ့လုပ်ငန်းများလေ့လာ

မော်လမြိုင် ဇူလိုင် ၉

မော်လမြိုင်တက္ကသိုလ်မှ ဥပဒေပညာအထူးပြု ပထမနှစ်နှင့် ပဉ္စမနှစ် ကျောင်းသား ကျောင်းသူများ တရားခွင်လက်တွေ့လုပ်ငန်း လေ့လာရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်တရားလွှတ်တော်သို့ရောက်ရှိရာ တရားလွှတ်တော် တရားသူကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးကျောင်းသား ကျောင်းသူများမှ မွန်ပြည်နယ် တရားလွှတ်တော်တွင် တရားစီရင်နေမှုများနှင့် တရားခွင် လက်တွေ့လုပ်ငန်းများ ၊ ပြတိုက်များကို ဆက်လက်လေ့လာခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ တရားလွှတ်တော် တရားသူကြီးများ ၊ ပြည်နယ်တရားရေးဦးစီးမှူး ၊ ရုံးအဖွဲ့မှူးနှင့် ပြည်နယ် တရားလွှတ်တော်မှ တရားရေးအရာရှိများ ၊ ဝန်ထမ်းများ ၊ မော်လမြိုင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ၊ မော်လမြိုင်တက္ကသိုလ်ဥပဒေပညာဌာနမှ ကျောင်းသား၊ကျောင်းသူ(၁၀၇)ဦးနှင့် ကြီးကြပ်ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး မော်လမြိုင်တက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသား၊ကျောင်းသူများသည် မော်လမြိုင်ခရိုင် တရားရုံး ၊ မော်လမြိုင်မြို့နယ် တရားရုံးများတွင် တရားစီရင်နေမှုနှင့် တရားခွင်လက်တွေ့ လုပ်ငန်းများကို ဆက်လက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)