ကြံခင်းမြို့၌ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ  ရှောင်တခင်စစ်ဆေး

ကြံခင်း    ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆေးဝါးရောင်းချသည့် ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။

ကြံခင်းမြို့ပေါ်ရှိ ဆေးဝါးရောင်းချနေသည့် ဆေးဆိုင် ၁၃ ဆိုင်အား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များလိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်းချသည့် လိုင်စင်ကို ဆိုင်အပြင် ဘက်တွင် ချိတ်ဆွဲထားရှိမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးဝါးတုများဖော်ထုတ်စစ်ဆေးခြင်းတို့ကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်‌မှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး တို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)