ရေကြည်မြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီတွင် Rice Export Zone (REZ) အကောင်အထည်ဖော်ဆောင်ရွက်မည့် တောင်သူများအား XY-Trading Co., Ltd မှ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရေကြည်    ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်(၂၀၂၆-၂၀၂၇) ခုနှစ် မိုးစပါးရာသီတွင် Rice Export Zone (REZ)(၆၀၀၀)ဧက အကောင် အထည်ဖော်ဆောင်ရွက်မည့် တောင်သူများအား XY-Trading Co., Ltd မှ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကိုယမန်နေ့နံနက် (၉)နာရီ အချိန်က အသုတ်မြို့ရွှေစပါးတန် (၃၀၀)ကျ အဆင့်မြင့်ပေါင်းဆန်စက် ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းတို့မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက အခမ်းအနားပြုလုပ်ရ ခြင်း၏ ရည်ရွည်ရွက်ချက်ကို ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ XY Trading  Co,,Ltd မှ Rice Export Zone (REZ) (၆၀၀၀)ဧက အကောင် အထည်ဖော် ဆောင်ရွက်မည့် တောင်သူများအားစိုက်ပျိုးစရိတ်ချေးငွေ ပထမအကြိမ်တစ်ဧက လျှင် (၁)သိန်းနှုန်း ပေးအပ်ခြင်း၊ လိုအပ်သောသွင်းအားစုမြေသြ ဇာပေးအပ်ခြင်းနှင့် စာချုပ်ချုပ် ဆိုခြင်းအခမ်း အနားဆောင်ရွက်ခဲ့ကြပြီး ကုမ္ပဏီ၏တာဝန်ရှိသူတစ်ဦးမှ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ခရိုင်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးစောထွန်း ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးသန်းဇော်လင်းနှင့် ကော်မတီအဖွဲ့ဝင်များ အတွင်းရေးမှူးများနှင့် Rice Export Zone အကောင်အထည် ဖော်ဆောင်ရွက်ကြ မည့်တောင်သူအစုအဖွဲ့ခေါင်းဆောင်များ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

  မြို့နယ် (ပြန်/ဆက်)