သတင်းများ

ပင်းတယမြို့၌ မှတ်ပုံတင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jan 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသူများအား ယမန်နေ့က ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြော
Jan 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဘုရားဖြူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရွာငံမြို့နယ်၊ မြင်းတွင်း-တောင်မြင့်ကြီးကျေးရွာလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး
Jan 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းတွင်း-တောင်မြင့်ကြီးကျေးရွာလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ရွာငံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်အေမီခင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပလောက်မြို့၌ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး
Jan 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာတွင် နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)တို့ ပူးပေါင်းပြီး နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြုလုပ်သည့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေး
Jan 23,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာနကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုတို့ကို ယမန်နေ့နံနက်(၉)နာရီက ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 23,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပ
Jan 23,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဝန်ထမ်းများအား Knowledge Sharingရရှိစေရန်ရည်ရွယ်၍ Thursday Talk အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။