သတင်းများ

ဒဂုံမြို့နယ်၊ အမှတ် (၃) အခြေခံ ပညာအထက်တန်း‌ကျောင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ
Jan 23,2025
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ၊ မြို့မအားကစားကွင်း၌ ယနေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၊ အ.လ.က မဂူကျွန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်
Jan 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများကို ယမန်နေ့‌‌‌‌‌‌‌‌နံနက် (၉)နာရီအချိန်က မဂူကျွန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်း ပြုလုပ်
Jan 23,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန ဇင်းကျိုက်မြို့နယ်မြေစခန်း၌ ပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ဦးစီးအရာရှိမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၊ အ.လ.က(ခွဲ) ပြည့်စင်ကွင်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Jan 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို၊ အ.လ.က(ခွဲ)ပြည့်စင်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ စု​​ဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦး တက်ရောက်ခဲ့သည်။
ဒလမြို့နယ် တုံးတင်ဂံ (တောင်) ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် တုံးတင်ဂံ (တောင်) ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒက္ခိဏာရာမကျောင်းတိုက်ဓမ္မာရုံ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကုသဆောင်ရွက်ပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
Jan 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးကောင်းမွန်ပြီး မွေးဖွားလာမည့် ကလေး‌ငယ်များ ရောဂါဘယကင်းစင်စေရန် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အပတ်စဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။