နတ်တလင်း ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဝန်ထမ်းများအား Knowledge Sharingရရှိစေရန်ရည်ရွယ်၍ Thursday Talk အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်တလင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဇီးကုန်းမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က "အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှု" ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသော ဝန်ထမ်းများမှ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပြီး ခရိုင်တာဝန်ခံမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်း (၂၁) ဦး တက်ရောက်ခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲကို တစ်လ (၁) ကြိမ်ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံထံမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)