ချမ်းမြသာစည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေး

ချမ်းမြသာစည် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာနကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုတို့ကို ယမန်နေ့နံနက်(၉)နာရီက ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေးရာတွင် ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့် သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့(ပြန်/ဆက်)