သတင်းများ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်နဝမ အစည်းအဝေးကျင်းပ
Jan 23,2025
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် နဝမ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာ(၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ်သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားတက်ရောက်
Jan 23,2025
လက်မှတ်ရစီးပွားရေးစာရင်းကိုင် ပညာ(၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်ခဲ့သည်။
မိုးညှင်းမြို့ အ.ထ.က (၁) ၌ ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းနှင့် တပင်တိုင်ခြင်းလုံးဖြင့် သရုပ်ပြသ
Jan 23,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မန္တလေးတိုင်း လက်ရွေးစင် ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းအလှခတ်ကစားခြင်းနှင့် တပင်တိုင်ခြင်းလုံး အလှခတ်ကစားကြခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းကွင်းပြင်၌ သရုပ်ပြသခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကျောင်းသား/သူများဖြင့်  ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ ကလေးစာဖတ်ခန်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရွှေဘိုသူနာပြုသင်တန်း​ကျောင်း၌မီးဘေးလုံခြုံရေး၊ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်
Jan 23,2025
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းမီးဘေးလုံခြုံစေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက ​ရွေဘိုသူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူးဦး​အေးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦး​အောင်မြတ်တိုးနှင့် ဝန်ထမ်းများကမီးဘေးအသိ မီးဘေးသတိရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ပေးနေမှုနှင့် မီးငြှိမ်းသတ်ရေး ပစ္စည်းများအကြောင်းနှင့် အသုံးပြုပုံများ၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းဆောင်ရွက်ရာတွင်အသုံးပြုသည့် ခေတ်မီစက်ကိရိယာပစ္စည်းများ အ‌ကြောင်းကိုရှင်းလင်းပြောကြားပြီး ပြသပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌဖလား Tourism golf tournament ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ
Jan 23,2025
၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က မကွေးမြို့ ဖန်ခါးမြေဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဟော်တယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ ဂေါက်သီးရိုက် အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ဆောင်းသီးနှံနေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Jan 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူများ စာသုံးဆီဖူလုံစေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင်ဆီထွက်သီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေး ရည်ရွယ်၍ ဆောင်းသီးနှံနေကြာများ စိုက်ပျိုးထားရှိရာ အဆိုပါသီးနှံများ စိုက်ပျိုးဖြသ်ထွန်းနေမှု အခြေအနေအား ယမန်နေ့နံနက်(၀၉း၀၀)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 23,2025
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။