ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ငါန်းဇွန် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုက အခမ်းအနားသို့ တက်ရောက်လာသူများအား ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ် အတန်းအလိုက် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူ ကျောင်းသား/ သူများ၊ ကျောင်းတွင်းအားကစားပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူ ကျောင်းသား/ သူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ကျင်းပပြုလုပ်ခဲ့သော ကဗျာရွတ်ဆို၊ စကားပုံဆက်နှင့် ပန်းချီပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူ ကျောင်းသား/ သူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်စုနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦး၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇေယျာလင်းနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အမှတ် (၃) အ.မ.က ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။                    

သက်နောင်ဦး(ငါန်းဇွန်)