ချမ်းမြသာစည်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲနှင့်များ ကျင်းပ
Jan 23,2025
မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု လျော့နည်းပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရ ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ ချမ်းမြသာစည် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမှတ် (၂၄) မူလတန်းလွန်ကျောင်းနှင့်ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။