ဖြူးမြို့နယ်၊ တပ်တွင်း အ.လ.က(ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား  စာလုံးပေါင်းသတ်ပုံ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲ ပြုလုပ်ပေး

ဖြူး ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တပ်တွင်း အ.လ.က(ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စာလုံးပေါင်းသတ်ပုံ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူ (၂၁) ဦးမှ  စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ ယှဥ်ပြိုင် ကြရာ  ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဆရာ/ဆရာမများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုများ ချီးမြှင့်ပေးကြသည်။

အလားတူ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း ဟောပြော၍ ကျောင်းသား/ ကျောင်းသူများအား ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)