ကော့မှူး ဇူလိုင် ၁၆
ကျောင်းသား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရွာတန်းရှည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ရိုးကန့်လန့်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)၌ ကျန်းမာရေးအသိပညာ ပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ဟောပြောပွဲတွင် နတ်စင်ကုန်းကျေးရွာကျေးလက်ကျန်းမာရေးဌာနမှကျန်းမာရေးဝန်ထမ်းများက သံကောင် တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ် နိုင်ရန် နည်းလမ်းများ၊ စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါ အကြောင်းအရာများ အားအသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ပြီးသွားစစ်ဆေးပေးခြင်းနှင့် မျက်စိနားစစ်ဆေးပေးခြင်း၊ အပျိုဘော်ဝင်သံဓာတ်ဆေးပြားများတိုက်ကျွေးခြင်း၊ အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ RCA ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)