အလုံမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

အလုံ ဇူလိုင် ၁၅

လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကွပ်ကဲမှုအောက်ရှိ အလုံမြို့နယ်တွင် အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့က အလုံမြို့နယ် မင်းရဲကျော်စွာလမ်း၊ နှင်းဆီလမ်းရှိ အ.ထ.က(၆)၊ အနန္တပညာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းနားတွင် အလုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဖြိုးကျော်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိအမြင်ဗဟုသုတများကို မျှဝေဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာယုမွန်သော်က ကျေးဇူးတင်စကားပြောကြားကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့သည်။ ဟောပြောပွဲသို့ မြို့နယ်စီမံခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အ.ထ.က(၆) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား(မြို့နယ်ပြန်/ဆက်)