နတ်မောက်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်း အခမ်းအနားကျင်းပ

နတ်မောက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်သူက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်း၏ အရေးပါမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့် ပြည်သူများ သိရှိ လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီလွင်နှင့် ဌာနဆိုင်ရာများက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့် ကျောင်းသား/သူနှင့် အသက်(၁၈) နှစ်ပြည့် ကျောင်းသား/သူ စုစုပေါင်း (၉၅) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးလှဝင်း(မြို့နယ်ပြန်/ဆက်)