မင်္ဂလာဒုံ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်အရ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကို ပျဉ်းမပင်ကျေးရွာ၊ ပျဉ်မပင်မွေးမြူရေးခြံများ နယ်မြေရုံး၌ ကျင်းပသည်။
သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမောင်မောင်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ အဲ့ဒီနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာနေခြည်နွေးက တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ ပြုလုပ်ပုံအဆင့်ဆင့်နှင့် ကောင်းမွန်သောမြက်ချဉ်ဖတ်၏ အရည်အသွေးကို ရှင်းလင်းပြောကြားပြီး ပျဉ်းမပင်မွေးမြူရေးခြံများ နယ်မြေမှူး ဒေါက်တာသက်နိုင်ဦးနှင့် သင်တန်းသားများက မြက်ချဉ်ဖတ် လက်တွေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)