သထုံ ဇူလိုင် ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဖွင့်လှစ်ခဲ့သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT) သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သုဝဏ္ဏစုပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးဟိန်းလင်းဦးက သင်တန်းဆင်း အစီရင်ခံစာကို ရှင်းလင်းဖတ်ကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သင်တန်း ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သထုံမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၅၄) ဦးတို့ တက်ရောက်ခဲ့ကြကာ သထုံခရိုင်နှင့် မြို့နယ် ဥပဒေရုံးတို့မှ ဥပဒေအရာရှိများက ဥပဒေရေးရာဘာသာရပ်များကို ဆွေးနွေးပို့ချ ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်