၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်   အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

ဒဂုံတောင်  ဇူလိုင်  ၁၅

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင်၊ အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဇူလိုင်(၁၂)ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ မြို့နယ်အားကစားကွင်းနှင့် စမ်း‌ချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတို့တွင်  မင်္ဂလာဒုံခရိုင်အသင်းနှင့် တိုက်ကြီးခရိုင်အသင်း၊  သင်္ဃန်းကျွန်း ခရိုင်သန်လျင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။

ထိုသို့ယှဉ်ပြိုင်ကစားကြရာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၅) ရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းတွင် ယှဉ်ပြိုင်ကြသော မင်္ဂလာဒုံခရိုင်အသင်းနှင့် တိုက်ကြီခရိုင်အသင်းတို့တွင် မင်္ဂလာဒုံခရိုင်အသင်းက တိုက်ကြီးခရိုင်အသင်းကို ()ဂိုးဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ခရိုင်အသီးသီးရှိ လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရန်၊ ထူးချွန်သည့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ဖော်ထုတ်ရန်နှင့် တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်များ ရွေးချယ်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

နေမျိုးအောင်(ဒဂုံတောင်ပြန်/ဆက်)