ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာ နှင့် Royal-D တို့ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၆၈) ရပ်ကွက် ဘောလုံးကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲ ဆုချီးမြှင်ပွဲတွင် မြို့နယ်စံမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ဆုရရှိသည့်ပြိုင်ပွဲဝင်ဘောလုံးအသင်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ပထမဆုအား အ.ထ.က(၃) ဒဂုံဆိပ်ကမ်းအသင်းမှလည်းကောင်း ၊ ဒုတိယဆုအား မူလွန်မ(၉) ဒဂုံဆိပ်ကမ်းအသင်းမှလည်းကောင်း၊ ပူးတွဲ တတိယဆုအား အ.ထ.က (၂)ဒဂုံဆိပ်ကမ်းအသင်းနှင့် ထ(ခွဲ)သရက်ပင်ချောင်အသင်းတို့က အသီးသီးရရှိခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်း (၈)သင်းအား ဘောလုံးများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Royal-D Cup 2026 ဘောလုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်း (၈)ကျောင်းမှ အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမပွဲစဉ်တွင် အ.ထ.က(၃) အသင်းနှင့် အ.ထ.က(၅) အသင်းတို့က ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)