တောင်ဥက္ကလာပမြို့နယ်၌  ဥပဒေအသိပညာပေး ပြည်သူ့စကားဝိုင်း(Public Talk)ကျင်းပ

တောင်ဥက္ကလာပ ဇူလိုင်  ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပ‌ဒေအသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ယမန်နေ့ နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် ဝေနေယျသုခဓမ္မာရုံ၌ ကျင်းပသည်။

 အဆိုပါ ပြည်သူ့စကားဝိုင်းတွင် တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးစည်သူ‌ဆွေက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက  ပြည်သူ့စကားဝိုင်း(Public Talk)ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။   ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးအောင်စံဌေး၊ အမှတ်(၂၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူး ချစ်မင်းထွန်း၊ တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းမှ ရဲအုပ် ကျော်‌ဇေယျာထွန်း၊ မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာန ကျန်းမာရေးမှူး ၂ ဦးဇေယျာလင်းခန့်နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့(ရေသန့်ဌာန) တာဝန်ခံ ဒေါ်နှင်းမာလွင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန (စီမံ/ဥပဒေ)ဌာနခွဲမှ  ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေအောင်တို့မှ ကျန်းမာရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ၊ စည်ပင်သာယာဥပဒေရေးရာများ၊ မှုခင်းကျဆင်းရေး အသိပညာပေးခြင်းအား ဆွေးနွေး ပြောကြားခဲ့ကြပြီး မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ယာဉ်အန္တရာယ်ကင်းဝေးစေရေး  ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

 ပြည်သူ့စကားဝိုင်း(Public Talk)သို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁၄) ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)