သတင်းများ

လပွတ္တာမှရန်ကုန်သို့ထွက်ခွာလာသည့် ချမ်းမြေ့အောင်ခရီးသည် တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
May 23,2022
လပွတ္တာမြို့မှရန်ကုန်သို့ မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်က ထွက်ခွာလာသည့် ချမ်းမြေ့အောင် ခရီးသည်တင် မော်တော်ယာဉ်သည် မြောင်းမြမြို့နယ် အပိုင် (၂၉)မိုင်၊ သိလ္လာလမ်းခွဲ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ယာဉ် မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များ ယနေ့ပြန်လည်ရောက်ရှိ
May 23,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များသည် ယနေ့နေ့လည် ၁၂ နာရီအချိန်က နေပြည်တော်မှ တပ်မတော်လေယာဉ်ဖြင့် တာချီလိတ်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
May 23,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းနှင့်(Youth Club)လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးဖြိုးကြွယ်မြင့် ရေးသားထားသည့် "အောင်မြင်မှုသို့စေညွှန်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လုပ်ငန်းခွင် မွမ်းမံသင်တန်း အမှတ်စဉ် ၄ ဖွင့်ပွဲ အခမ်းအနားတက်ရောက်
May 23,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင်  ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၄)ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲများအား၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် စာရေးခုံ(၁၀၀)ရာခိုင်နှုန်းပြီးစီး
May 23,2022
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပညာကိုကောင်းမွန်စွာ သင်ကြားနိုင်ရေးအတွက် မေလ ၅ ရက်နေ့မှ စတင်ကာ အာရှကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ  ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်
May 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဈေးများတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်နေမိဘပြည်သူများ၊ စျေးသည်များနှင့် စျေးဝယ်များအား
သရက်မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီ (မိုးအကြို) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 23,2022
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝသနှင့် မျက်စိပသာဒအကျိုးများ ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီ (မိုးအကြို) စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီက သရက်မြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝင်းအတွင်းတွင် ကျင်းပသည်။