စလင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲများအား၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် စာရေးခုံ(၁၀၀)ရာခိုင်နှုန်းပြီးစီး

စလင်း မေ ၂၃

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပညာကိုကောင်းမွန်စွာ သင်ကြားနိုင်ရေးအတွက် မေလ ၅ ရက်နေ့မှ စတင်ကာ အာရှကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မကွေးတိုငိးဒေသကြီး၊ စလင်းမြို့နယ်အတွင်း အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲ အသီးသီးတို့အတွက် ပညာရေးဝန်ကြီးဌာနမှ စာရေးခုံအလျား ၂ ပေ ၆ လက်မ၊ အနံ ၁၈ လက်မ၊ အမြင့် ၂ ပေရှိ စာရေးခုံများအတွင်းကို ၁လက်မခွဲပတ်လည်ရှိ စကွဲယားသံပိုက်များ၊ အပေါ်မျက်နှာပြင် တွင် ၅ ထပ်သားများ၊ အောက်ခံ ၅ မီလီပြားများဖြင့် အာရှကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲံ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲများ၊ ပညာရေးဝန်ကြီးဌာနမှ နှစ်စဉ်အခမဲ့ဖြန့်ဝေလျက်ရှိရာ ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူကလေးများ ပညာကိုကောင်းမွန်စွာ သင်ကြားနိုင်စေရန်အတွက် စာရေးခုံ အလုံး (၂၀၀၀) ကျော်ကို အခမဲ့ဖြန့်ဝေပေးသွားမည်ဟု အာရှကုမ္မဏီမှ တာဝန်ယူဆောင်ရွက်သည့် ကိုကျော်ထံမှ စာရေးခုံများ (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)