လှိုင်းဘွဲမြို့နယ်တွင် တိုင်းရင်းသားဘာသာသင် ဆရာ/မများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
May 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ အခြေခံပညာကျောင်းများမှ တိုင်းရင်းသားဘာသာသင် ဆရာမ/များအနေဖြင့် တိုင်းရင်းသားစာပေများသင်ကြားရာတွင် အဆင့်မီသင်ကြားနိုင်ရန်အတွက် မွမ်းမံသင်တန်းကိုဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မဲဆမိတ်ကျေးရွာ အထကကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။